The universe is made of 12 particles of matter and 4 force of nature
12 Particles တွေကိုတော့ Quarks နဲ့ Leptons ဆိုပီး Group ၂ ခု ခွဲထားပါတယ်
Group တစ်ခုချင်းစီမှာ ၆ မျိုးပါ၀င်ပီး စုစုပေါင်း ၁၂မျိုး ရှိပါတယ်...
(အကျယ်ကိုတော့ နောက် post တွေမှာ ရေးပေးသွားပါမယ်)
4 Force Of Nature ကတော့
1. Gravity (ဆွဲငင်အား)
2. Weak Nuclear Force (အားနည်းသော နျူကလိယား စွမ်းအင်)
3. Electromagnetism (လျှပ်စစ်သံလိုက်အား)
4. Strong Nuclear Force (အားကောင်းသော နျူကလိယား စွမ်းအင်)
တို့ပဲ ဖြစ်ပါတယ်..
1. Gravity
အဲ့ထဲမှာ မှ ပထမ တစ်ခုဖြစ်တဲ့ Gravity (ဆွဲငင်အား) အကြောင်းကိုဆက်ပြောကြရအောင် .. Gravity ဟာဆိုရင် Universe ကြီးရဲ့ founder force ဖြစ်ပါတယ် .. အကြောင်းကတော့ သူ့ကြောင့် Gas Cloud တွေက တစ်နေရာထဲမှာ စုစည်းပီး Reaction တွေဖြစ်လာပီး ကြယ်တွေ မွေးဖွားလာခဲ့တာပါ .. Gravity ဟာ အရေးပါတဲ့ နေရာကနေ Galaxy တွေ Solar System တွေကို ထိန်းညှိပေးနေတဲ့ အားတစ်ခုဖြစ်တယ် .. သူသာမရှိရင် Galaxy တွေအကုန် တပိုင်းတစ ဆီကွဲထွက်ကုန်ပီး Star တွေ Planet တွေ အကုန် လွင့်မျောနေမှာပါ ..

အရေးကြီးတဲ့ နေရာကနေ life တွေကိုထောက်ပံပေးနေပေမယ့် သူခွန်အားကြီးသွားရင်ကော? ကြောက်စရာကောင်းတဲ့ Monster အဖြစ်ပြောင်းလဲ သွားမှာပါ ..ကျွန်တော်တို့ နေထက် အဆ ၁၅ ဆ ထက်ပို ကြီးတဲ့ ကြယ်တွေ သေဆုံးတဲ့ အချိန် (ဆက်လက် လောင်ကျွမ်းစရာ လောင်စာ မရှိတော့တဲ့ အခါ) အလွန်ပြင်းထန်တဲ့ ပေါက်ကွဲအားတစ်ခု ဖြစ်ပေါ် လာပီး အင်မတန် သိပ်သည်းဆ များ တဲ့ ဆွဲငင်အား infinity ဖြစ်နေသော Black Hole တစ်ခု အဖြစ် ပြောင်းလဲ သွားပါတယ် .. Black Hole တစ်ခုထဲမှာဆိုရင် ကျွန်တော်တို့ သိထားသမျှ ရူပဗေဒ နိယာမတွေဟာ အကုန် ကျိုးပျက်ကုန်ပါတယ် .. Black Hole ဟာ လူသားတွေရဲ့ သိနိုင်စွမ်းရဲ့ အလွန်မှာရှိနေသေးပါတယ် (လက်ရှိအခြေ အနေမှာတော့ မသိနိုင်သေးပေမယ့် နောင်နှစ်ပေါင်း သိန်းနဲ့ ချီပီး Human Civilization သာ ရှင်သန်မယ်ဆိုရင် အဖြေကိုတွေ့နိုင်ပါတယ်) .. Black Hole ရဲ့ ဆွဲငင် အားက ဘယ်လောက်တောင် အားကောင်းလဲ ဆိုရင် လက်ရှိသိထားသမျှ အရာတွေထဲမှာ အမြန်ဆုံးဆိုတဲ့ အလင်းတောင် သူ့ အနားရောက်လာရင် ပြန်မထွက်နိုင်တော့ တဲ့ အထိပါပဲ ..
လက်ရှိ ခောတ် scientist အများစု က Galaxy တိုင်းရဲ့ အလည်မှ Super Massive Black Hole (အလွန်ကြီးမားသော Black Hole) တစ်ခု ရှိနေတယ်ဆိုတာကို လက်ခံထားကြပါတယ် .. အဲ့ Black Hole ကြီးကပဲ Galaxy တစ်ခုလုံးကို တစ်စုတစ်စည်းထဲ ဖြစ်အောင် ထိန်းထားပေးတာပါ .. Gravity ရှိတဲ့ အရာတိုင်းမှာ သူဆွဲငင် ထားတဲ့ အရာတွေ ထပ်ရှိပါတယ် . ကျွန်တော်တို့တွေရဲ့ အသက် တွေကိုထောက်ပံပေးနေတဲ့ နေမင်းကြီးမှာလဲ သူ့ ကိုယ်ပိုင်ဆွဲဲ အားရှိတဲ့ အတွက် Planet တွေက သူ့ဘေးမှာ လည်ပတ်နေကြတာပါ .. လ ဟာလည်း Gravity ရဲ့ပြပုဒ် တစ်ခုပါပဲ . အနှစ်ချုပ်ရရင်တော့ Gravity ဟာ ကျွန်တော်တို့ ရှင်သန်ရာ Universe ထဲ မှာ အရေးပါတဲ့ နေရာတစ်ခုကနေပီး တော့ ပါ၀င်နေပီး .. Fonder Force ဖြစ်သလို တချိန်မှာ Destroyer Force ဖြစ်လာမလားဆိုတာကိုတော့.
Comments
Post a Comment