ဒီရက်ပိုင်း NASA က James Webb Telescope မှ ပုံတွေကို လူထုကို ချပြခဲ့တဲ့နောက်မှာတော့ အရမ်းကို လှပတဲ့ ကျနော်တို့ Galaxy ကြီးထဲက နက်ဗျူလာ တွေ တခြားသော Galaxy တွေ ရဲ့ပုံတွေကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ အဲ့ထဲကမှ နက်ဗျူလာတွေဟာ လက်ရာအမြောက်ဆုံးသော လှပမှု့တွေပါ။ နက်ဗျူလာ (Nebula) ဆိုတဲ့ အဓိပ္ပါယ်ဟာ လက်တင်ဘာသားစကားမှ ဆင်းသက်လာတာဖြစ်ပီး "တိမ်တိုက်" ဟု အဓိပ္ပါယ်ရပါတယ်။ နက်ဗျူလာတွေဟာ အာကသာထဲမှာ ရှိနေတဲ့ အမှုန်များ, ဟိုက်ဒရိုဂျင်,ဟီလီယံနှင့် အခြားသော ဓါတ်ငွေ့အစုဝေးကြီးတွေ ဖြစ်ပါတယ်။ လေမရှိတဲ့ လေဟာနည်ထဲမှာ ရှိနေတဲ့ အတွက် ပုံစံမပျက် နှစ်သန်းပေါင်းများစွာရှိနေ နိုင်ကြပါတယ်။ သူတို့ရဲ့တည်ရှိနေတဲ့ ပုံစံတွေကို ကြည့်ပီး သိပ္ပံပညာရှင်များက Horsehead Nebula, Crab Nebula, Eagle Nebula စသည်ဖြင့်နမည်တွေ ပေးထားကြပါတယ်။ နက်ဗျူလာတွေဟာ ကျွန်တော်တို့ မိခင် နေမင်းကြီးကဲ့သို့သော ကြယ်များကို မွေးထုတ်ပေးတဲ့ ကြယ်ထုတ်လုပ်ရေး စက်ရုံ (Star Factory)တွေဆိုရင်လဲ မမှားပါဘူး။ နက်ဗျူလာ အများစုသည် အလင်းနှစ် ရာနဲ့ချီကာ ကြီးမားကြသည်။
Carina Nebula
Image From






Comments
Post a Comment