Posts

Showing posts from July, 2022
Image
  Our Solar System   1. မာကျူရီ (Mercury)                                   မာကျူရီ (Mercury) လို့ ပြောလိုက်တာနဲ့ နေနဲ့ အနီးဆုံး ဂြိုဟ်၊ နေအဖွဲ့အစည်းထဲမှာ အသေးဆုံးဂြိုဟ် ဆိုပီး တန်းသိကြမှာပါ။သူ့ရဲ့ အရွယ်အစားကတော့ ၂၄၉၃ ကီလိုမီတာ အကျယ်အဝန်းပဲရှိပါတယ်။ဂျူပီတဲ့ရဲ့အကြီးဆုံး လ ဖြစ်တဲ့ Ganymede ထက်တောင်သေးငယ်ပါတယ်။ မာကျူရီဟာ နေအဖွဲ့အစည်းအတွင်းမှာ ဒုတိယ သိပ်သည်းမှု့ အများဆုံးဂြိုဟ် ဖြစ်ပါတယ်။                                    ကျောက်သား ၃၀% ၊ သတ္ထု ၇၀ % နဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ်တစ်ခုဖြစ်ပီး သူ့မှာ အလွန်ကိုမှ ပါးလွှာတဲ့ လေထုရှိပါတယ်။ကမ္ဘာမြေထက် သုံးဆခန့် နည်းပါးတဲ့ ဆွဲငင်မှု့အားကို ပိုင်ဆိုင်ထားတဲ့ မာကျူရီဟာ လေထုကိုကောင်းကောင်းထိန်းထားနိုင်စွမ်းမရှိပါဘူး။ ပါးလွှာလွန်းလှတဲ့ လေထုဟာ အပူချိန်ကို ထိန်းသိမ်းထားနိုင်စွမ်း မရှိတဲ့အတွက် နေအလင်းရောင်ရရှိတဲ့ ဘက်အခြမ်းနဲ့ မရရှိတဲ့ဘက်အခြမ်း...
Hubble Telescope နှင့် James Webb Telescope နှိုင်းယှဥ်ချက်  April 24, 1990 ခုနှစ်မှာ လွှတ်တင်ခဲ့တဲ့ Hubble Telescope က ရိုက်ယူထားတဲ့ ပုံတွေ နဲ့ December 25, 2021 ခုနှစ်မှာလွှတ်တင်ခဲ့ တဲ့ James Webb Telescope တို့ရဲ့ ဓါတ်ပုံတွေကို နှုင်းယှဥ်ကြည့်လိုက်တဲ့ အခါ နှစ် ၃၀ လောက်အတွင်းမှာ ကွာခြားမှု့တွေတော်တော်တွေ့ခဲ့ရပါတယ်။ နောက်ထပ် နှစ်တွေမှာ လွှတ်တင်မဲ့ Telescope တွေဆိုရင်ကော ဘယ်လိုကြည်လင် ပြတ်သားတဲ့ ပုံတွေထွက်လာမလဲဆိုတာလဲ စောင့်မျှော်ရမှာပါ။ အခု Video ထဲမှာတော့ Telescope ၂ ခုရဲ့  နှိုင်းယှဥ်ချက်ကို တွေ့ရမှာဖြစ်ပါတယ်။ Admin - Kaung Sithu
Image
ဒီရက်ပိုင်း NASA က James Webb Telescope မှ ပုံတွေကို လူထုကို ချပြခဲ့တဲ့နောက်မှာတော့ အရမ်းကို လှပတဲ့ ကျနော်တို့ Galaxy ကြီးထဲက  နက်ဗျူလာ တွေ တခြားသော Galaxy တွေ ရဲ့ပုံတွေကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ အဲ့ထဲကမှ နက်ဗျူလာတွေဟာ လက်ရာအမြောက်ဆုံးသော လှပမှု့တွေပါ။ နက်ဗျူလာ (Nebula) ဆိုတဲ့ အဓိပ္ပါယ်ဟာ လက်တင်ဘာသားစကားမှ ဆင်းသက်လာတာဖြစ်ပီး "တိမ်တိုက်" ဟု အဓိပ္ပါယ်ရပါတယ်။ နက်ဗျူလာတွေဟာ အာကသာထဲမှာ ရှိနေတဲ့ အမှုန်များ, ဟိုက်ဒရိုဂျင်,ဟီလီယံနှင့် အခြားသော ဓါတ်ငွေ့အစုဝေးကြီးတွေ ဖြစ်ပါတယ်။ လေမရှိတဲ့ လေဟာနည်ထဲမှာ ရှိနေတဲ့ အတွက် ပုံစံမပျက် နှစ်သန်းပေါင်းများစွာရှိနေ နိုင်ကြပါတယ်။ သူတို့ရဲ့တည်ရှိနေတဲ့ ပုံစံတွေကို ကြည့်ပီး သိပ္ပံပညာရှင်များက Horsehead Nebula, Crab Nebula, Eagle Nebula စသည်ဖြင့်နမည်တွေ ပေးထားကြပါတယ်။ နက်ဗျူလာတွေဟာ ကျွန်တော်တို့ မိခင် နေမင်းကြီးကဲ့သို့သော ကြယ်များကို မွေးထုတ်ပေးတဲ့ ကြယ်ထုတ်လုပ်ရေး စက်ရုံ (Star Factory)တွေဆိုရင်လဲ မမှားပါဘူး။ နက်ဗျူလာ အများစုသည် အလင်းနှစ် ရာနဲ့ချီကာ ကြီးမားကြသည်။ Carina Nebula  Image From  https://www.nasa.gov/webbfirstimages Southern Ring Nebula...
Image
 ကာတေးရှပ်ဖ် စကေး (The Kardashev Scale) ဆိုတာဘာလဲ? The Kardashev Scale ဆိုတာက တော့ ၁၉၆၄ ခုနှစ်တုန်းက ရုရှား အာကသယာဥ်မှူး Nikolai Semenovich Kardashev တီထွင်ခဲ့ တဲ့ လူ့အဖွဲ့အစည်း (Civilization) တွေကို အဆင့်နဲ့ခွဲထားတဲ့ Scale တစ်ခုပါ။ အဆင့်တွေကို သတ်မှတ်တဲ့ နေရာ Civilization တစ်ခုချင်းစီရဲ့   စွမ်းအင် အသုံးပြုပုံ ကို အခြေခံပီး အဆင့်ခွဲထားခဲ့ပါတယ်။ Kardashev Scale မှာ စတင်တီထွင်သူက Type I , Type II   နဲ့ Type III ဆိုပီး အဆင့်သုံးဆင့်ခွဲခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ အာကာသယာဥ်မှူးတွေ နဲ့ သိပ္ပံပညာရှင်တွေက Type IV နဲ့ Type V ကို ထပ်မံပေါင်းထည့်ခဲ့ပါတယ်။ Type I Civilization Type I  Civilization ကို Planetary civilization လို့လဲ ခေါ်ပါတယ်။ Type I Civilization ကိုရောက်ရှိဖို့ဆိုရင် Civilization တစ်ခုက မိမိ မိခင်ဂြိုဟ်ရဲ့ စွမ်းအင် အရင်းအမြစ် အကုန်လုံးကို ထုတ်ယူ သုံးစွဲနိုင်ရပါမယ်။ အဖွဲ့အစည်း တစ်ခုလုံးတွင် ပဋိပက္ခ များအကုန် ဖြေရှင်းပီးနောက် နိုင်ငံ၊ လူမျိုး၊ ဘာသာ ဟူ၍ကွဲပြားမှု့ မရှိတော့ပဲ ဂြိုဟ်တစ်ခုလုံး ဆိုင်ရာအဖွဲ့ အစည်း အနေနဲ့ တစ်ခုသာ ရှိတော့မည်။ ကျွန်တော်တို့...