Our Solar System 

1. မာကျူရီ (Mercury) 

                          မာကျူရီ (Mercury) လို့ ပြောလိုက်တာနဲ့ နေနဲ့ အနီးဆုံး ဂြိုဟ်၊ နေအဖွဲ့အစည်းထဲမှာ အသေးဆုံးဂြိုဟ် ဆိုပီး တန်းသိကြမှာပါ။သူ့ရဲ့ အရွယ်အစားကတော့ ၂၄၉၃ ကီလိုမီတာ အကျယ်အဝန်းပဲရှိပါတယ်။ဂျူပီတဲ့ရဲ့အကြီးဆုံး လ ဖြစ်တဲ့ Ganymede ထက်တောင်သေးငယ်ပါတယ်။ မာကျူရီဟာ နေအဖွဲ့အစည်းအတွင်းမှာ ဒုတိယ သိပ်သည်းမှု့ အများဆုံးဂြိုဟ် ဖြစ်ပါတယ်။

                            ကျောက်သား ၃၀% ၊ သတ္ထု ၇၀ % နဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ်တစ်ခုဖြစ်ပီး သူ့မှာ အလွန်ကိုမှ ပါးလွှာတဲ့ လေထုရှိပါတယ်။ကမ္ဘာမြေထက် သုံးဆခန့် နည်းပါးတဲ့ ဆွဲငင်မှု့အားကို ပိုင်ဆိုင်ထားတဲ့ မာကျူရီဟာ လေထုကိုကောင်းကောင်းထိန်းထားနိုင်စွမ်းမရှိပါဘူး။ ပါးလွှာလွန်းလှတဲ့ လေထုဟာ အပူချိန်ကို ထိန်းသိမ်းထားနိုင်စွမ်း မရှိတဲ့အတွက် နေအလင်းရောင်ရရှိတဲ့ ဘက်အခြမ်းနဲ့ မရရှိတဲ့ဘက်အခြမ်း နှစ်ခုရဲ့ အပူချိန်ဟာ အလွန်ကွာဟပါတယ်။ နေရောင်ရရှိတဲ့ဘက် အခြမ်းမှာ 173° C  ကနေ 400° C  ထိရှိပီး နေရောင်မရရှိတဲ့ ဘက်အခြမ်းကတော့ အနှုတ် 163° C  လောက်ထိရှိပါတယ်။ နေနဲ့အရမ်းနီးလွန်းတဲ့ အတွက် ရေနဲ့သက်ရှိတွေ မဖြစ်ပေါ်နိုင်ပါဘူး။ ဒါပေမယ့် NASA ရဲ့ သိပ္ပံပညာရှင်တွေကတော့ မာကျူရီရဲ့ မြောက်ဝင်ရိုးစွန်း မှာရေခဲတွေရှိတယ်ဆိုပီး အတည်ပြုခဲ့ပါတယ်။ မာကျူရီဟာ ကမ္ဘာမြေရဲ့ သံလိုက်စက်ကွင်းထက် ၁ % လောက်ပဲ ပြင်းအားရှိတဲ့ သံလိုကစက်ကွင်းကိုပိုင်ဆိုင်ထားပါတယ်။  ဒါပေမယ့် သူရဲ့ သံလိုက်စက်ကွင်းဟာ နေမှလာတဲ့အပူလှိုင်း( Solar Wind )တွေကို တားဆီးနိုင်လောက်အော်အားကောင်းပါတယ်။ မာကျူရီဟာနေမှ ကီလိုမီတာ ၄၆ သန်း(အနီးဆုံး ပတ်လမ်းအကွာအဝေး)မှ ကီလိုမီတာ ၇၀ သန်း(အဝေးဆုံး ပတ်လမ်းအကွာအဝေး) အတွင်း လည်ပတ်နေပါတယ်။


                            မာကျူရီမှ နေကိုတစ်ပတ်ပြည့်ရန် ကြာချိန်မှာ ကမ္ဘာမြေမှ ၈၈ ရက်ဖြစ်သည်။ မာကျူရီ ဂြိုဟ်ရဲ့ တစ်နှစ်ဟာ ကမ္ဘာရဲ့ ၃ လခန့်နဲ့ ညီတယ်လို့ ခန့်မှန်းလို့ရပါတယ်။ သူ့ရဲ့ ဝင်ရိုးပေါ်မှာ တစ်ပတ်လည်ဖို့အတွက် ၅၉ရက် (ကမ္ဘာရက်) ကြာပါတယ်။ သူ့ရဲ့ မျက်နှာပြင်အနေအထားပုံစံဟာ ကမ္ဘာမြေရဲ့ လနဲ့ ဆင်ပီး ဂြိုဟ်ဖြစ်ပေါ်ပီးနောက် ဂြိုဟ်သိမ်များနဲ့ တိုက်ခဲ့တဲ့ အခြေအနေတွေရှိခဲ့တာကြောင့် ချိုင့်ခွက် များစွာကျန်ရှိနေပါတယ်။ အထူးခြားဆုံး အချက်ကတော့ သူ့ရဲ့ဝင်ရိုးပေါ်မှာလည်တဲ့ အခါ တိမ်းစောင်းမှု့ဟာ ၀.၁ ဒီဂရီပဲရှိပါတယ်။ 


Admin - Kaung Sithu

Comments

Popular posts from this blog

ကွေဆာ (Quasar)