Our Solar System 2. ဗီးနစ် (Venus) အချစ်နတ်ဘုရားမ ဗီးနစ် ကိုတင်စားပီး ပေးထားတဲ့ နမည်နဲ့ လိုက်အောင် လှပတဲ့ အနီရောင် ဂြိုဟ် ကြီးဟာ ကမ္ဘာ မြေနဲ့ အရွယ် အစားကော အနီးစပ်ဆုံး တူညီတဲ့ ဒြပ်ဆွဲအား (Gravity) ကောကိုပိုင်ဆိုင်ထားပါသည်။ သို့သော် Venus သည် သက်ရှိများ ရှင်သန် ပေါက်ဖွားနိုင်သည့် ဂြိုဟ်မဟုတ်ပါ။ သူ့ရဲ့ အနီရောင် တိမ်တိုက်တွေဟာ ဆာလဖျူရစ် အက်စစ် တွေဖြစ်ပီး လေထုထဲမှာလဲ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေ အပြည့်ဖြစ်နေသောကြောင့် ဖြစ်သည်။ နေအဖွဲ့အစည်းထဲတွင် ဒုတိယမြောက် နေရာမှ နေကို လှည့်ပတ်နေသော ဗီးနစ် မှာ အပူချိန် များလွန်းလှသည်။ အပူချိန် 867°F - 900°F ခန့်ရှိ သည်။ ဗီးနစ် သည် မိမိဝင်ရိုး ပေါ်တွင် တစ်ပတ်ပြည့်ရန် ၂၄၃ ရက် (ကမ္ဘာရက်) ကြာမြင့်သည်။ဝင်ရိုးပေါ် လည်ရာတွင်တိမ်းစောင်းမှု့မှာ 3 ဒီဂရီ ဖြစ်သည်။ နေအဖွဲ့အစည်းထဲတွင် ဝင်ရိုးပေါ် တစ်ပတ်ပြည့်ရန် လည်ရာတွင် အကြာဆုံး ဂြိုဟ်လဲ ဖြစ်သည်။ ထူးခြားချက်တစ်ခုမှာ Solar System ထဲမှ ဂြိုဟ်များ အားလုံးသည် မိမိဝင်ရိုးပေါ်တွင် လက်ဝဲရစ် အတိုင်း...