Our Solar System

2. ဗီးနစ် (Venus) 

အချစ်နတ်ဘုရားမ ဗီးနစ် ကိုတင်စားပီး ပေးထားတဲ့ နမည်နဲ့ လိုက်အောင် လှပတဲ့ အနီရောင် ဂြိုဟ် ကြီးဟာ ကမ္ဘာ မြေနဲ့ အရွယ် အစားကော အနီးစပ်ဆုံး တူညီတဲ့ ဒြပ်ဆွဲအား (Gravity)  ကောကိုပိုင်ဆိုင်ထားပါသည်။ သို့သော် Venus သည် သက်ရှိများ ရှင်သန် ပေါက်ဖွားနိုင်သည့် ဂြိုဟ်မဟုတ်ပါ။ သူ့ရဲ့ အနီရောင် တိမ်တိုက်တွေဟာ ဆာလဖျူရစ် အက်စစ် တွေဖြစ်ပီး လေထုထဲမှာလဲ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေ အပြည့်ဖြစ်နေသောကြောင့် ဖြစ်သည်။ 

        နေအဖွဲ့အစည်းထဲတွင် ဒုတိယမြောက် နေရာမှ နေကို လှည့်ပတ်နေသော ဗီးနစ် မှာ အပူချိန် များလွန်းလှသည်။ အပူချိန် 867°F - 900°F  ခန့်ရှိ သည်။ ဗီးနစ် သည် မိမိဝင်ရိုး ပေါ်တွင် တစ်ပတ်ပြည့်ရန် ၂၄၃ ရက် (ကမ္ဘာရက်) ကြာမြင့်သည်။ဝင်ရိုးပေါ် လည်ရာတွင်တိမ်းစောင်းမှု့မှာ 3 ဒီဂရီဖြစ်သည်။

         နေအဖွဲ့အစည်းထဲတွင် ဝင်ရိုးပေါ် တစ်ပတ်ပြည့်ရန် လည်ရာတွင် အကြာဆုံး ဂြိုဟ်လဲ ဖြစ်သည်။ ထူးခြားချက်တစ်ခုမှာ Solar System ထဲမှ ဂြိုဟ်များ အားလုံးသည် မိမိဝင်ရိုးပေါ်တွင် လက်ဝဲရစ် အတိုင်း လည်ပတ်ကြသော်လည်း ဗီးနစ်မှာ လက်ယာရစ်လည်ပတ်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ ဗီးနစ် ၏ အချင်းဝက် မှာ 12,100 ကီလိုမီတာ ဖြစ်ပီး သိပ်သည်းဆမှာ 5.243 g/cm3 ဖြစ်သည်။ 

        လေထုဖိအားမှာ ကမ္ဘာမြေထက် 92 ဆ ပိုမိုများပြားသည် (92 bar)။ ထို ဖိအားမှာ ကမ္ဘာမြေ ပေါ်မှ သမုဒ္ဒရာ ရေအနက် 1 ကီလိုမီတာ မှ ဖိအားနှင့် ညီမျှသည်။ လေထု အလွှာတွင် လေတိုက်နှုန်းမှာ 300 km/h ခန့်ရှိသည်။ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ၊ဆာလဖာဒိုင်အောက်ဆိုဒ် နှင့် ဆာလဖျူရစ် အက်ဆစ်တို့ အများဆုံးပါဝင်သည်။

        တောင်ဝင်ရိုးစွန်း တွင် Saturn ဂြိုဟ် နှင့်ဆင်တူသော ဝဲဂရက် မုန်တိုင်း (vortex) တစ်ခုရှိသည်။ ဂြိုဟ်တစ်ခုလုံးသည် မီးတောင် များနှင့် ပြည့်နှုက်နေပီး ချော်ရည်ပူ (lava) များမှာ ပင်လယ်ကဲ့သို့ဖြစ်နေသည်။ ဂြိုဟ်မျက်နှာပြင်၏ 80% မှာ ချော်ရည်ပူများအေးသွားသောအခါ ကျန်ခဲ့သော မြေသားများဖြစ်သည်။


Comments

Popular posts from this blog

ကွေဆာ (Quasar)