ကာတေးရှပ်ဖ် စကေး (The Kardashev Scale) ဆိုတာဘာလဲ?
The Kardashev Scale ဆိုတာက တော့ ၁၉၆၄ ခုနှစ်တုန်းက ရုရှား အာကသယာဥ်မှူး Nikolai Semenovich Kardashev တီထွင်ခဲ့ တဲ့ လူ့အဖွဲ့အစည်း (Civilization) တွေကို အဆင့်နဲ့ခွဲထားတဲ့ Scale တစ်ခုပါ။ အဆင့်တွေကို သတ်မှတ်တဲ့ နေရာ Civilization တစ်ခုချင်းစီရဲ့ စွမ်းအင် အသုံးပြုပုံကို အခြေခံပီး အဆင့်ခွဲထားခဲ့ပါတယ်။ Kardashev Scale မှာ စတင်တီထွင်သူက Type I , Type II နဲ့ Type III ဆိုပီး အဆင့်သုံးဆင့်ခွဲခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ အာကာသယာဥ်မှူးတွေ နဲ့ သိပ္ပံပညာရှင်တွေက Type IV နဲ့ Type V ကို ထပ်မံပေါင်းထည့်ခဲ့ပါတယ်။
Type I Civilization
Type I Civilization ကို Planetary civilization လို့လဲ ခေါ်ပါတယ်။ Type I Civilization ကိုရောက်ရှိဖို့ဆိုရင် Civilization တစ်ခုက မိမိ မိခင်ဂြိုဟ်ရဲ့ စွမ်းအင် အရင်းအမြစ် အကုန်လုံးကို ထုတ်ယူ သုံးစွဲနိုင်ရပါမယ်။ အဖွဲ့အစည်း တစ်ခုလုံးတွင် ပဋိပက္ခ များအကုန် ဖြေရှင်းပီးနောက် နိုင်ငံ၊ လူမျိုး၊ ဘာသာ ဟူ၍ကွဲပြားမှု့ မရှိတော့ပဲ ဂြိုဟ်တစ်ခုလုံး ဆိုင်ရာအဖွဲ့ အစည်း အနေနဲ့ တစ်ခုသာ ရှိတော့မည်။ ကျွန်တော်တို့ လူသားမျိုးနွယ် အနေနဲ့ဆိုရင်တော့ Type I ကို မရောက်ရှိသေးပါဘူး။ အချိန်အတိုင်းအတာတစ်ခုထိ ပဋိပက္ခများကို ဖြေရှင်းပီးမှသာလျှင် Type I Civilization ကိုတက်လှမ်းနိုင်မှာဖြစ်ပါတယ်။
Type II Civilization
Type II Civilization ကို Stellar Civilization လို့လဲခေါ်ပါတယ်။ Type II Civilization ကတော့ မိမိ တို့ ဂြိုဟ် လည်ပတ်နေတဲ့ မိခင် ကြယ် (Star) ရဲ့ စွမ်းအင်ကိုပါ အသုံးချနိုင်တဲ့ Civilization ဖြစ်ပါတယ်။ မိခင် ကြယ် ရဲ့စွမ်းအင်ကို အသုံးချနိုင်ရုံသာမကပဲ နေအဖွဲ့အစည်း (Solar System) မှာရှိနေသော ဂြိုဟ်များရဲ့ ပတ်လမ်းကြောင်းများကိုပါ ပြင်နိုင်တဲ့ အထိ နည်းပညာများ ရှိနေမှာပါ။ ဥပမာ အားဖြင့် ဂြိုဟ်သိမ် (Asteroid) များက မိခင်ဂြိုဟ်နှင့် တခြား ဂြိုဟ်အခြေစိုက် စခန်းများကို တိုက်နိုင်သည့်လမ်းကြောင်းတွင်ရှိပါက ဂြိုဟ်များအား လမ်းကြောင်းပြောင်းပေးခြင်း သို့မဟုတ် ဆွဲငင်အား ပိုကောင်းသော ဂြိုဟ် (ဂျူပီတာ) ကဲ့သို့သော ဂြိုဟ်များအား ဂြိုဟ်သိမ် လမ်းကြောင်းသွေဖယ်သွားစေရန် အသုံးချခြင်း စသော နေအဖွဲ့ အစည်းတစ်ခုလုံးအား ခြယ်လှယ်နိုင်သော နည်းပညာတိုးတက်မှု့များအား ပိုင်ဆိုင်ထားမှာ ဖြစ်ပါတယ်။
Type III Civilization
Type III Civilization ကို Galactic Civilization လို့လဲခေါ်ပါတယ်။ Type III Civilization မှာဆိုရင်တော့ မိမိတို့ နေထိုင်ရာ ဂလက်ဆီ တစ်ခုလုံးမှ သက်ရှိများ စုပေါင်း၍ ဖြစ်စေ၊ မျိုးစိတ်တစ်ခုမှ ကျန် မျိုးစိတ်များအား ကျူးကျော်သိမ်းပိုက်၍ဖြစ်စေ ဂလက်စီ တစ်ခုလုံးတွင်ရှိသော စွမ်းအင်အရင်းအမြစ်များကို အသုံးချ နိုင်သော သက်ရှိအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဂလက်စီ တစ်ခုလုံးတွင်ရှိသော ကြယ်များ ဂြိုဟ်များ အပြင်ကို တွင်းနက် ( Black Hole) များကိုပါ စွမ်းအင် ထုတ်ကုန်အဖြစ် အသုံးပြုနိုင်သူများ ဖြစ်သည်။ Type III အဖွဲ့အစည်းအနေနှင့်ဆိုပါက အာကာသထဲတွင် အကွာအဝေး အလင်းနှစ်နဲ့ချီသောနေရာများကို သွားလာနိုင်သော Wrap Drive များ, Wormhole များ ကိုပါ တီထွင်နိုင်သော အခြေအနေသို့ရောက်ရှိနေလိမ့်မည်။ လက်ရှိလူသား မျိုးစိတ် အနေနှင့်ဆိုပါက Type I ကို နှစ် 100 မှ နှစ် 200 အတွင်းရောက်ရှိနိုင်မည် ဟု ခန့်မှန်းထားကြပီး၊ Type II အား နှစ် 10,000၊ Type III အား နှစ် 100,000 မှ နှစ် 1,000,000 ကြားတွင်ရောက်ရှိမည်ဟု ခန်းမှန်းထားကြသည်။




Comments
Post a Comment